လိုအပ်သောပစ္စည်းများ
အသုံးပြုနည်းအဆင့်ဆင့်
၁)သကြားစစ်တံ (Test strip) ကို ဘူးထဲမှ ထုတ်၍ ဂလူကိုမီတာတွင် တပ်ပါ။ အရောင်ရင့်ရင့် လိုင်း အမှတ်အသား ပြထားသည့်အပိုင်းမှာ သွေးထည့်ရမည့် နေရာဖြစ်သည်။ ဂလူကိုမီတာ၏ ပါဝါခလုတ်ကို ဖွင့်ရန်လိုပါသည်။ အချို့ဂလူကိုမီတာများမှာမူ သကြားစစ်တံ (Test strip) တပ်လိုက်ရုံနှင့် အလိုအလျောက် ဖွင့်ထားပြီး ဖြစ်သည်။

၂)လန်းဆတ်အပ်(lancet) နှင့် အရေပြားမှ သွေးဖောက်ပါ။ အများအားဖြင့် သွေးကို လက်ချောင်းထိပ်များမှ သွေးဖောက်လေ့ရှိသည်။ သို့သော် နောက်ဆုံးပေါ် ဂလူကိုမီတာများမှာ ခန္ဓာကိုယ်၏ အခြားနေရာများမှ သွေးကိုလည်း သုံး၍ ရသည်။

၃)ဖောက်လိုက်သော သွေးကို သကြားစစ်တံ(Test strip) ၏ အမှတ်အသားပြထားသော နေရာတွင်ထည့်ပါ။ အများအားဖြင့် သကြားစစ်တံ၏ အစွန်းတွင် အမှတ်အသား ပြထားသည်။

၎)ဂလူကိုမီတာကို ကြည့်ပါ။ Waiting/processing သင်္ကေတ ပေါ်လာပြီး အသံတစ်သံ ထွက်လာမည်။ ထို့နောက် စစ်ဆေးလိုက်သော သွေးပမာဏသည် mg/dl ဟူသော ယူနစ် သို့မဟုတ် mmol/l ဟူသော ယူနစ် တစ်မျိုးမျိုးဖြင့် ထွက်လာမည်။

၆)ရရှိလာသော သွေးအတွင်း သကြားဓာတ်ပမာဏ အချက်အလက်ကို စာအုပ်တွင်ရေးသားမှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာဆရာဝန်နှင့် ပြသသောအခါ ယူသွားပါ။
Dr.Lwanwai
အကျီုးရှိသည်။